မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

မိုးညှင်း ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းကို ယနေ့ နံနက် (၈)နာရီက သာစည်ရပ်ကွက်ရှိ ထီးလင်းကျောင်းတိုက်၊ သာသနာ့ဗိမာန်၌ လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် ဦးဆောင်သည့်အဖွဲ့ဝင် မိသားစုများက မိုးညှင်းမြို့၊ နားခါရပ်ကွက်၊ သာစည်ရပ်ရှိ ထီးလင်းကျောင်းတိုက်၌ သံဃာတော် (၂၁)ပါးအတွက် ဆရာတော်ဘဒ္ဒန္တ အင်္ကုရမဟာဌေထံ ဆွမ်းဆန်တော် (၁၂)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်