သတင်းများ

လသာမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Feb 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်း အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ  ဆ/ခ  ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လသာမြို့နယ်ရုံး၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာဆီသင်တန်း ဖွင့်လှစ်
Feb 23,2022
ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု တပိုင်တနိုင်စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံး သုံးဆပ်ပြာဆီသင်တန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံး၌ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)အမျိုးအစား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVISHIELD အမျိုးအစားကို ပြည်သူများအား ယမန်နေ့နံနက် (၈)နာရီအချိန်မှ ညနေ (၃)နာရီအချိန်အထိ ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားတီးတိန်၌ပြုလုပ်
Feb 23,2022
ချင်းပြည်နယ် တီးတိန်မြို့၌(၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ နေ့ နံနက်၁၀နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် လက်လုပ်ဗုံးပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Feb 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်ခန့် က လက်လုပ်မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသော PVC ပိုက် (၆)ချောင်း၊ ပိုက်ဖြတ်ကရိယာများ၊ သံဘောစေ့များ၊ အမိုနီယံနိုက်ထရိတ် (၁)ကျပ်သားခန့်၊ နိုင်ငံတော်အကြီးအကဲပုံပေါ်တွင် ဆန့်ကျင်စာ/သရော်စာများ ရေးသားထားသည့် ဓာတ်ပုံစာရွက် များ၊ နိုင်ငံတော်အားအကြည်ညိုပျက်စေမည့် ဓာတ်ပုံစာရွက်များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့စာဖတ်ဝိုင်းပြုလုပ်
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ် စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန် အများပြည်သူ ဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရေး၊ အမှားအမှန် ဝေဖန်ပိုင်ခြား နိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေ ဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ Youth Clubအဖွဲ့တို့၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်
Feb 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ များ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နေ့လည် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။