သတင်းများ

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်၊ ဆမအသုတ် ဒုတိယအကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ် နှင့် အထက်ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ဆီဆိုင်မြို့အဝင်၌ ဝင်/ထွက်သွားလာသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ နေ့စဉ် ထိုးနှံပေးလျက်ရှိ
Feb 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးမှု တစ်မြို့နယ်လုံး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဒေသခံပြည်သူများကို နေ့စဉ်ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
နောင်တရား၌ Mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်း
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများဖြစ်သည့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယနေ့နံနက်ပိုင်းတွင်ဆောင်ရွက်သည်။
မြောက်ဦးမြို ၌ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ် ကွက်များ၌ လူစည် ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Feb 22,2022
ကိုဗစ်-၁၉ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှု မြှင့်မားလာခြင်းကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ယုဇနဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Feb 22,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသော အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။