နတ်မောက် ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း မြောက်ဘက်ခြမ်း အုတ်ရေမြောင်း (ကန်ကြီးအောက်လမ်းနှင့် မြစည်းခုံလမ်းကြား)ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် အုတ်ရေမြောင်း အရှည်(၈၈၅)ပေ အကျယ်(၁) ပေ(၆)လက်မနှင့် အနက်(၂)ပေ အား ငွေကျပ် (၁၄.၆၀၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်၊ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေးသန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်းခင်းခြင်း၊ အကျယ်(၁) ပေ(၆)လက်မနှင့် အနက်(၂)ပေအား ငွေကျပ် ( ၁၄.၆၀၀) သန်းဖြင့် ပြုပြင်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းမြတ်