ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး Positive Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကွင်းဆင်း ကြည့်ရှု

ပေါင်းတည် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၉နာရီက မြို့နယ် အားကစားခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရောဂါပိုးထိစပ်သံသယရှိသူများထားရန်နှင့် စောင့်ကြည့်စောင့်ရှောက် ဆေးကုသခံနိုင်ရန်အတွက် စောင့်ရှောက်ရေးစခန်း Positive Centre များကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါကြည့်ရှုရာတွင် Positiveလူနာများနှင့် ထိစပ်သံသယရှိသူများအား ထားရှိမည့် အဆောင် များ၊ သန့်စင်ခန်းများ သန့်ရှင်းရေး ဆောင်ရွက်ထားရှိရန်၊ သောက်သုံးရေရရှိရေး ဆောင်ရွက် ထားရှိရန်နှင့်လျှပ်စစ်မီးယာယီသွယ်တန်းရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် Positive Centre၊ Quarantine Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွင် လိုအပ်ချက်များအား တာဝန်ရှိသူများမှတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အလားတူ မြောက်ကုန်းကြီးကျေးရွာ စိုက်ပျိုးရေးစခန်းနှင့် မြို့နယ်တိုင်းရင်းဆေးရုံတို့တွင် Positiveလူနာများနှင့် ထိတွေ့သူများအား ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)