ဘူးသီးတောင်မြို့နယ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍( Mask Campaign) ပြုလုပ်
Feb 22,2022
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့် မားလာခြင်းကြောင့်၊ ဘူးသီးတောင်မြို့နယ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask Campaing) ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးရှေ့၊ စျေးနောက်၊ ဦးဥတ္တမခန်းမရှေ့၊ နတ်ပင်ရင်းခွဆုံ၊ အနောက် ကွင်းစျေးတို့၌ ပြုလုပ်ဆောင် ရွက်ကြကြောင်း သိရသည်။