ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို ဒေသခံပြည်သူ(၈၆၂၇၉)ဦးအား Second Dose ထိုးနှံပြီးစီး

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ပြည်သူ(၈၆၂၇၉)ဦးတွင် Second Dose အဖြစ် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

Covid-19 ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ် အနေဖြင့် ကျန်းမာရေး ကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများနှင့် ဒေသခံပြည်သူ (၈၆၂၇၉)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး  ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)