ကျောက်တံတား ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းအများ ပြည်သူအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်၌ အမှတ်(၇) ရပ်ကွက် ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းတို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆန်နှင့်ဆီများကိုဈေးနှုန်း သက်သာစွာရောင်းချပေးလျှက်ရှိရာ ဆန်ချော (၅) ပြည် (၁အိတ်) (၈၅၀၀ကျပ်) ဆီ(၅၀)ကျပ်သား(၁ဘူး)လျှင် (၂၃၀၀ကျပ်)နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးမြင့်စိန်မှ အနီးကပ်ကြီးကြပ်ပြီး မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဈေးဝယ်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှထုတ် ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)