အရှေ့မြောက်အရပ်က မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားတိုင်း  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

မူဆယ် ဖေဖေါ်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများကို နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွား လာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့နံနက်()နာရီ အချိန် က မုန်းပေါ်ဒေသ(ဌာနေ)ငြိမ်းအေးမြေခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ပွဲပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးကိုကိုလေးက ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ပေးလျက်ရှိသော မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံး၊ နိုင်ငံသားအဖြစ် မှတ်ပုံတင်ရေးနှင့် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြားများ လျှောက်ထားကိုင်ဆောင်ရသည့်တာဝန်မှာ နိုင်ငံသားတိုင်း၏တာဝန်ဖြစ်ပြီး ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်သည့် နိုင်ငံသားအခွင့်အရေးများအား ဆွေးနွေးဟောပြောခဲ့ပြီး  ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက   မေးခွန်းများကို မေးမြန်းခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများထဲမှ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်ရောက်ပေးအပ်ပွဲကျင်းပရာ ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ယနေ့ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ပေးလိုက်သော နိုင်ငံသားကတ်ပြားကို ကိုင်ဆောင်ပြီး၊ မြန်မာပြည်ရဲ့ မည်သည့်နေရာမဆို သွားရောက်လည်ပတ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ဘယ်ဒေသရောက်နေပါစေ မိမိကိုင်ဆောင်သည့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးသွားပါက နိုင်ငံသားစိစစ်ရေးကတ်ပြားပါ ဂဏန်းခြောက်လုံးကို မှတ်သားထားပြီး မည်သည်နေရာအရပ်တွင် ရောက်ရှိပါစေ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ သွားရောက်လျှောက်ထားရန်လိုပါကြောင်း၊ ယနေ့ထုတ်ပေးလိုက်သည့် အိမ်ထောင်စုစာရင်းစာရွက်များကိုလည်း မဆုတ်မပြဲအောင်ဆိုပြီး ပလတ်စတစ်များမလောင်းကြရန်၊ အဆိုပါအိမ်ထောင်စုစာရင်းများတွင် နောက်ထပ် ဖြည့်စွက်စရာများရှိသေးသဖြင့် ယနေ့ပေးလိုက်သော ပလတ်စတစ်အိပ်ထဲသို့ ရေမဆိုမဆုတ်မပြဲစေရန်သာ စနစ်တကျထိန်းသိမ်းထားကြရန်လိုကြောင်းတို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ သည်။ 

ထို့နောက် နိုင်ငံသားကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ မုန်းပေါ် ဒေသ(ဌာနေ) ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ဂျာ၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကိုကိုလေးနှင့် မူဆယ်မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တာတို့က ဒေသခံပြည်သူများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက် လာကြသည့် ဒေသခံပြည်သူများကို ဗလာမပါကံစမ်းမဲများကို မဲဖောက်ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

မုံးပေါ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတန်ဂွန်းကလည်း “မိမိအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကို ၂၀၀၆ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုအသက်အားဖြင့် ၆၂ နှစ်ရှိပြီး ဖြစ်သလို ရပ်ရွာဒေသအကျိုးကိုသာ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့ပီတိကတော့ ဘာနဲ့မှနှိုင်းလို့မရကြောင်း ဒေသအခြေအနေကြောင့် မုံးပေါ်ဒေသသို့ တစ်ကြိမ်တစ်ခါမှ အိမ်တိုင်ရာအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်ပေးခဲ့ခြင်း မကြုံဘူးပါကြောင်း၊ သွားလာရေးခက်ခဲနေ သော မုံးပေါ်ကျေးရွာအုပ်စုအထိ ယခုလိုလာရောက်၍ အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားကတ်ပြားများ ဆောင်ရွက်ပေးသည့်အပြင် နေ့လည်စာထမင်း စီစဉ်ပေးပါသော တာဝန်ရှိသူခရိုင်မှူးနဲ့ ဝန်ထမ်းများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသလေးမှာ ကချင်၊ ရှမ်း၊ လီဆူ၊ တရုတ် သွေးနောများ နေထိုင်ကြပြီး မြို့ပေါ်အထိ မှတ်ပုံတင်သွားရောက်လုပ်ကိုင်ဖို့ အခက်အခဲကြောင့် တစ်မျိုး၊ ကိုဗစ်-၁၉ရောဂါကြောင့်တစ်မျိုး မသွားနိုင်မလာနိုင်ဖြစ်နေကြရာမှ ယခုလိုလာရောက် လုပ်ကိုင်ဆောင်ရွက်ပေးပါသဖြင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိနေမှာဖြစ်ပါကြောင်း” တို့ကိုလည်း ရင်ဖွင့်ပြောကြားခဲ့မှုကိုလည်း သိရှိရသည်။   

အဆိုပါအခမ်းအနားတွင် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုန်းပေါ်ဒေသအတွင်းရှိ လုံခြုံရေးအရ သွား ရောက်ရန်ခက်ခဲသော နယ်မြေများဖြစ်သည့် မုံးပေါ်၊ မိုင်ဖန်၊ မန်နွေ၊ ဟိုနား၊ မန်ပိန်း၊ မန်စေ စသည့် ကျေးရွာ အုပ်စု()အုပ်စုမှ ဒေသခံပြည်သူများအတွက် မူဆယ်ခရိုင်ရုံးမှ ဝန်ထမ်း (၁၀)ဦးနှင့် မူဆယ်မြို့နယ်ရုံးမှ ဝန်ထမ်း(၁၁)ဦး စုစုပေါင်း(၂၂)ဦးတို့ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၃(က)(၄၅)ဦး၊ နိုင် (က)၁၁၃ဦး၊အခြား နိုင်၃(က) ၃၄ဦး၊ လဲလှယ်(၂၈)ဦး၊ မိတ္တူ(၅၄)ဦး စုစု ပေါင်း(၇၄)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                        

ချယ်ရီမြေ(မူဆယ်)