သာပေါင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းလုပ်ဆောင်ခြင်းများကို ယမန်နေ့မှ စတင်ကာ ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံ လမ်းမများ၊ ဈေးများ၊ ဆိပ်ကမ်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ Mask Campaign ပူးပေါင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်စစ်သည်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းတို့မှ ခရီးသွား၊ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြစေရေး အသိပေးနှိုး ဆော်ကြပြီး ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ ဈေးများ၊ ဆိပ်ကမ်းများတွင် ပြည်သူများအား Mask အခု(၅၀၀)ခန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း၊သာပေါင်း(ပြန်/ဆက်)