၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းအိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့် အရပ်ရပ် အခွင့်အရေး လိုင်စင်များဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ

ကမမောင်း     ဖေဖော်ဝါရီ    ၂၃

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့၏ ၂၀၂၂-၂၀၂၃ဘဏ္ဌာရေးနှစ်အတွင်း သားသတ်လုပ်ငန်း အိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့်အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေ‌လံတင်ရောင်းချခြင်း အခမ်းအနားကို ကမမောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး ဖာပွန်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစောဂျော့မြတ်ထူးက သားသတ်လုပ်ငန်းအိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့် အရပ်ရပ်အခွင့်အရေး လိုင်စင်များဈေးပြိုင် စနစ်ဖြင့် လေလံတင် ရောင်းချခြင်းနှင့် ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက်သားသတ်လုပ်ငန်း ၃ ခု နှင့် အရပ်ရပ်အခွင့်အရေးလိုင်စင် ၅  မျိုးတို့ကို အိတ်ပိတ် တင်ဒါစနစ်ဖြင့် စတင်ရောင်းချခဲ့ရာ လုပ်ငန်းရှင်များက ဈေးပြိုင်စနစ် ဖြင့် ၀ယ်ယူခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)