မလှိုင်မြို့နယ်၌ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်မှ မော်တော်ယာဉ်များ အားစစ်ဆေးပြီး (Mask) များ အခမဲ့ဖြန့်ဝေ

မလှိုင်  ဖေဖော်ဝါရီ     ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အတွင်း ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားလာသူများအားလုံးကို  ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း  တိတိကျကျ  လိုက်နာခြင်း ရှိ /မရှိ ကို ယမန်နေ့က မြို့အဝင် ကုန်းတဲဂိတ် မှနေ၍ စစ်ဆေးခဲ့ပြီး (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဖြတ်သန်းသည့် မော်တော် ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသွားပြည်သူများအား မြို့အဝင် ကုန်းတဲဂိတ်မှနေ၍  ကျန်းမာရေးဝန်ကြီးဌာန၏   ညွန်ကြားချက် များအတိုင်း  လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ ကို  စစ်ဆေးခဲ့ကြသည်။ ထို့နောက် ယာဉ်ပေါ်လိုက်ပါ လာသူခရီးသည်များအား အပူချိန်တိုင်တာပေးခြင်း၊ ပါစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန် သတိပေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်း ကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီး ပါစပ်နှာခေါင်း စည်း (Mask)များ မပါရှိပါက (Mask)များ အခမဲ့ပေး ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးညွှန်ကြားချက်များအတိုင်း  တိတိကျကျ လိုက်နာကြရန်အသိပေး နှိုးဆော်ပြောကြားခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဌေး

မလှိုင် (ပြန်/ဆက်)