ချောင်းဦး ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၂နာရီ အချိန်က ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ လက်ဝယ်သို့ မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဖိုးအဖွားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဖိုးအဖွား ၈၁၄ ဦးအား နိုင်ငံတော်မှ ၃လတစ်ကြိမ်ထောက်ပံ့ ပေးအပ်လျက်ရှိသော ထောက်ပံ့ငွေ သုံးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့သော ငွေကျပ် ၂၄၄သိန်း ၂သောင်းကျပ်ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ ပေးအပ်ခဲ့သည်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ရန် မှာကြားခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)