ထားဝယ် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက လူစည်ကားသောနေရာများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စျေး၊ လမ်းဆုံလမ်းခွ၊ ကားဂိတ်များနှင့် သွားလာလျက်ရှိသော အများပြည်သူများအား နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့် အများပြည်သူများအား နှာခေါင်းစည်း Μask များ ဖြန့်ဝေပေးခြင်း၊ အများ ပြည်သူမြင်နိုင်သော နေရာများတွင် အသိပညာပေး ပိုစတာများ ကပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရန်ဆောင်ရန်/ရှောင်ရန် အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ သည်။
ဆက်လက်၍ ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူများ အနေဖြင့် နေအိမ် ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြရန်၊ လက်ကိုစက္ကန့် ၂၀ အကြာ မကြာခဏဆေးကြောပေး ရန်၊ နေအိမ်ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ် ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာ ရှည်ရောဂါ အခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှစျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ များပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေး အသိပညာပေး လုပ်ငန်းများကို လိုက်လံနှိုးဆော်ပေးခဲ့ပြီးညနေပိုင်းတွင် အသိပညာပေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)