ရမည်းသင်းခရိုင်/ မြို့နယ်ကြက်‌ခြေနီယာယီကြီးကြပ်ရေးအဖွဲ့ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း   ဖေဖော်ဝါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင်/မြို့နယ် ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ရက်မွန်းလွဲ (၁)နာရီက မြို့နယ် ကြက်‌ခြေနီ ယာယီကြီးကြပ်ရေး အဖွဲ့ရုံး၌   ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရမည်းသင်းခရိုင် ကြက်ခြေနီ ယာယီ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းက  ကြက်ခြေနီသင်တန်းများ ဖွင့်လှစ်နိုင်ရေး တိုင်းအဆင့်မြင့်သင်တန်းကို သင်တန်း သားများစေလွတ်နိုင်ရေးနှင့် သင်တန်း များဖွင့်လှစ်နိုင်ရေးအသင်းသူအသင်းသား တိုးပွားလာရေးနှင့် အခြေခံမှု(၇)ချက်နဲ့အညီ လုပ်ဆောင်သွားပြီး ဌာနဆိုင်ရာများနှင့် ပှုးပေါင်းဆောင်ရွက် နိုင်ရေးနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်စဉ်များ ရှင်းလင်းပြောကြားခဲ့သည်။     

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ခံများနှင့် မြို့မိမြို့ဖများက ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ်  မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းကပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)