နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

နမ့်စန်()  ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို  ကာကွယ်ထိန်းချုပ်ရန်နှင့် ကာကွယ် ဆေးထိုးဧရိယာများ ပြားလွှမ်းခြုံနိုင်ရန်တို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက ယနေ့နံနက် နာရီတွင် ခိုလမ်-နမ့်စန် မြို့အဝင်အမှတ်(၂)ရပ်ကွက် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ခိုလမ်-နမ့်စန် မြို့အဝင် အမှတ်(၂)ရပ်ကွက် စစ်ဆေးရေးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခြင်းရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ ကာကွယ်ဆေးထိုးပြီးစီး ကြောင်း လက်မှတ်များစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးလုံးဝမထိုးရသေး သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီခွဲအတွင်း ဆောင်ရွက်၍ ကာကွယ်ဆေးလုံးဝမထိုးရသေးသူ စုစုပေါင်း ၁၀၈ ဦးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးမထိုးဘဲ သွားလာနေသူများကို လူစည်ကားရာနေရာများ၌ နေ့စဉ် ရှောင် တခင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်း ချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)