သာစည်မြို့နယ်တွင် Covid Shield ကာကွယ်ဆေး ဆဌမအသုတ် ဒုတိယအကြိမ် ပြည်သူ ၁၁၀၀ ဦး တို့အားထိုးနှံပေး

သာစည်  ဖေဖော်ဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield  ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် ဖေဖေါ်ဝါရီ ၁၉ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပြည်သူ ၁၁၀၀ ဦး တို့အား ဆေးထိုးစုရပ် လေးရပ်တို့တွင် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield  ပထမအကြိမ် ထိုးနှံထားရှိသည့် မြို့ပေါ် ရပ်ကွက်နှင့် နီးစပ်ရာကျေးရွာများရှိ ပြည်သူ များအား မြို့နယ်အားကစားခန်းမ၌ ၃၉၆ ဦး၊ သူဌေးကုန်းကျေးရွာဆေးထိုးစုရပ်၌ ၁၄၃ ဦး၊ ဟံဇားကျေးရွာဆေးထိုးစုရပ်၌ ၄၁၈ ဦး၊ ယင်းမာပင်ကျေးရွာဆေးထိုးစုရပ်၌ ၁၄၃ ဦး၊ စုစုပေါင်း  ပြည်သူ ၁၁၀၀ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်နေ့ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)