ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ပြန်လည်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ထန်းတပင် ပဲခူး  ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ‌ဆရာတော် သံဃာ‌တော်များနှင့်ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်တေဇောသာရ(ပဲခူးတိုင်း သံဃာ့နာယကအဖွဲ့၀င်)အကျိုး‌တော်ဆောင် ဆရာတော်ရွှေဆံတော် မရမ်းကုန်းကျောင်းတိုက် ဆရာတော်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး သံဃာ့အဖွဲ့အစည်းရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ဩဝါဒကထာကို မိန့်ကြား ခဲ့သည်။

ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

အဆိုပါလျှောက်ထားမှုအပေါ် သဘာပတိဆရာတော် တေဇောသာရနှင့် ဆရာတော် သံဃာတော်များက သာဓုအနုမောဒနာ‌ ခေါ်ယူပြီး သံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ သဘာပတိဆရာတော်မှ အနားယူသော ဆရာတော်များ ဘွဲ့အမည်များကို ကြေညာခဲ့ပြီး ပြန်လည်ရွေးချယ်နိုင်ရေးအတွက် မူလက သတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက်  အမည်စာရင်းတင်သွင်း မည့်အဆိုရှင် မြို့နယ်သံဃာ့ဝန် ဆောင် ဆရာတော်များအား ဖိတ်ခေါ်ခဲ့ပြီး ထောက်ခံမည့် သံဃာ့ဝန်ဆောင် ဆရာတော်များအား ပင့်ဖိတ်ခဲ့ပါသည်။

သဘာပတိဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် မြို့နယ်သံ ဃာ့နာယက ဆရာတော်ဘွဲ့ အမည်များကို အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုပါရန် သံဃာ့နာယက အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း လျှောက်ထားခဲ့ပါသည်။

ဆက်လက်၍  သဘာပတိဆရာတော်က ဩဝါဒမိန့်ကြားရာ မြို့နယ်သံဃာဝန်ဆောင် ဆရာတော်များသည် သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် သံဃာတော်များဖြစ်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ယခုအချိန်တွင်သာသနာရေးဆိုင်ရာ ဥပဒေအရ ပြန်လည်ရွေးချယ် တင်မြောက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ် သံဃာ့ဝန်ဆောင် တာဝန်ကို ထမ်းဆောင်နိုင်မည့် ဆရာတော် (၉)ပါးတို့အားရွေးချယ်တင်မြှောက်ပြီး ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့‌ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်