ရမ်းဗြဲ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ရောဂါပိုးနှင့် ကူးစက်ရောဂါများ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် မိမိတို့၏မြို့ရွာအတွင်းတွင် လည်း ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေထိုင်ရန်၊ မဖြစ်မနေအပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့်ဆေးကြောရန်၊ ဈေးရောင်း/ ဈေးဝယ်များအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရောင်းချကြရန်၊ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်များ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရောင်းချကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကြိမ်ရေမပျက် ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်စည်းကမ်းများကို ပြည်သူများမှ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် စသည့်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)