ကရသူရိ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကမ်းတော ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌ Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ကွင်းဆင်း၍ သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့ကျေးလက်ကျန်းမာရေးဝန်ထမ်း၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီးနှင့် ရပ်စာ/ရေးများ၊ အုပ်စု/ အုပ်ချုပ်ရေးမှူးများဖြင့် သွားရောက်၍ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပြီးစီးအောင် ထိုးနှံနိုင်ရေး၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန်ကျန်ရှိနေသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးခြင်း၊ လတ်တလောကူးစက်ပျံ့ပွားနေသည့် အိုမီခရွှန် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများအား အသိပေးပြောကြားခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီး သူများကို ထိုးနှံပြီးစီးကြောင်း (ဆေးလက်မှတ်) မှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)