ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ကျွန်းစု ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ‌ယမန်နေ့ နံနက်ပိုင်းက ကျွဲခရံကျေးရွာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၁၀) နှစ်ပြည့် နိုင် ၃(က) (၉၈)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၃၅)ဦး၊ လဲလှယ်(၃၈)ဦး၊ မိတ္တူ(၂၁)ဦး၊ စုစုပေါင်း(၁၉၂)ဦး ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

စည်သူရအောင်(ကျွန်းစု)