နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ

                                                         နတ်မောက် ဖေဖော်ဝါရီ ၂၁                                                            

နတ်မောက်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်းကွန်ကရစ်ခင်းခြင်း (မကွေးလမ်းနှင့် မြစည်းခုံလမ်းကြား) လုပ်ငန်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးခိုင်ဇော်မိုးမှ ကြည့်ရှုစစ်ဆေးခဲ့သည်။                    

အဆိုပါ ကွန်ကရစ်လမ်းသည် နတ်မောက်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော     အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို လမ်းအရှည်( ၄၇၉ )ပေ၊ အကျယ် (၁၆) ပေနှင့် ထု (၈)လက်မ အား ငွေကျပ်   ( ၁၉.၁၄၀)  သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။       

အဆိုပါ ကွန်ကရစ်လမ်းကို အရည်အသွေးပြည့်မီအောင် ဆောင်ရွက်စေရေးနှင့် သတ်မှတ်ကာလအတွင်း  အချိန်မီပြီးစီးအောင် ဆောင်ရွက် စေရေးတို့ကို နတ်မောက်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ အင်ဂျင်နီယာဦးခိုင်ဇော်မိုးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)