ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ မြို့နယ်ခန်းမတွင် လယ်မကျေးရွာသို့ မီးသတ်စက် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦက အဖွင့်အမှာစကား ပြောကြားရာတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးသည် အလွန်အရေးကြီးကြောင်း၊ လယ်မကျေးရွာအတွက် အပေါ့စား မီးသတ်စက်ရရှိသွားခြင်းနှင့်ပတ်သက်ပြီး ကျေးရွာရောက်သည့်အခါ မီးသတ်စက်ကို အမြဲတမ်း အဆင့်သင့်ဖြစ်အောင် ဆောင်ရွက်ထားရန် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးမှ မီးသတ်စက် ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများမှ မီးသတ်စက်အား လွဲပြောင်းပေးအပ်ရာ လယ်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှိုင်တင့်မှ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မီးသတ်စက် အသုံးပြုပုံအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)