သာကေတ မတ် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရပ်ကွက်(၁၉)ရပ်ကွက်အလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ရပ်ကွက်အလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကြေညာချက်၊ နှိုးဆော်ချက်များကို ထုတ်ပြန်ကြေညာ ခဲ့သည်။
အဆိုပါ မီးဘေးအန္တယ်ရာယ် အသိပညာပေး နှိုးဆော်ချက်များကို ဆောင်ရွက်ရာ၌ရပ်ကွက်(၁၉) ရပ်ကွက်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများမီးဘေးအန္တယ်နှင့် ပတ်သက်၍ အသိ၊ သတိရှိစေရန် နှိုးဆော်ချက်များကို အသိပေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဆောင်နှင်းဖြူ(ပြန်/ဆက်)