ချောက် မတ် ၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများအား သတ်မှတ်စုရပ် (၁၇)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၈၄၂)ဦးကို ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံခြင်းကို ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများကို ထိုးနှံပေးခဲ့ရာ အထက်တန်း(၆၃၀)ဦး၊ အလယ်တန်း (၂၂၁၂)ဦး စုစုပေါင်း(၂၈၄၂)ဦး ထိုးနှံပြီးစီးကြောင်း၊ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ အထက်တန်း(၂၉)ဦး၊ အလယ်တန်း(၆၁)ဦး စုစုပေါင်း (၉၀)ဦး ကျန်ရှိပြီး ကာကွယ်ဆေးများ ရောက်ရှိလာပါက ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ ပြောကြားချက်အရ သိရသည်။
ကျော်မိုး(ပြန်/ဆက်)