ရွှေကူမြို့ မြို့မစည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရွှေကူ  မတ်  

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကချင်ပြည်နယ်၊ ဗန်း မော်ခရိုင်၊ ရွှေကူမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက်  ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့မ စည်ပင်သာယာစျေးအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် ဈေးတာဝန်ခံနှင့် စျေးစည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးသူဈေးသားများအား  မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်ပါက  လျင်မြန်စွာမီးငြိမ်း သတ်နိုင်ရေးနှင့် မီးငြိမ်းသတ်သည့် နည်းလမ်းများစနစ်တကျရှိစေရေး၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်း သတ်သည့် နည်းလမ်းများ၊ မီးသတ်ဆေးဗူးကိုင်တွယ် အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်း ပြသခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား  အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်