သတင်းများ

သိန္နီမြို့နယ်တွင်  နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အခြေခံအားကစားပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများ၊လူစည်း ကားရာနေရာများနှင့် ရပ်ကွက်များရှိ ပြည်သူများထံသို့ အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်​‌ပေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများကို ယ​မန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၂)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ ‌ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၂)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ ထုတ်​ပေး
Mar 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို စတင်ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Mar 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံ မူလတန်းကြိုကျောင်းများ၏ ကျောင်းဆင်းလက်မှတ်ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်
Mar 25,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးခန်းမတွင် မြင်းခြံမူလတန်းကြိုကျောင်းများ၏ ကျောင်းဆက်လက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။