နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်​‌ပေး

နတ်တလင်း  ​မတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများကို ယ​မန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အ.ထ.က နတ်တလင်း၊ အ.ထ.က တာပွန်၊ အ.ထ.က ဒမငယ်၊ အ.ထ.က အောင်ဇေယျာနှင့် အ.ထ.က ကရင်ကုန်းများ အပါအဝင်  စာစစ်ဌာန(၅)ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ကျောင်းတွင်း​ဖြေဆိုမည့်သူ (၄၅၃)ဦး၊ ပြင်ပဖြေဆိုမည့်သူ (၂၀၂)ဦးဖြစ်ပြီး အတွဲ(၁) ဖြေဆိုမည့်သူ(၄၃၉)ဦး၊ အတွဲ(၂) ဖြေဆိုမည့်သူ(၇၉) ဦး၊ အတွဲ(၇) ဖြေဆိုမည့်သူ(၁၃၇)ဦး စုစုပေါင်း(၆၅၅)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)