ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင်စာစစ်ဌာနများရှိကျောင်း ဝင်းအတွင်း မီးဘေးလုံခြုံရေး အတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်၊ သဲကန်၊ ရေကန်များ ထားရှိမှုအခြေအနေ၊ လျှပ်စစ်ဝါ ယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ ယာယီမီးစက်ထား ရှိမည့်နေရာ၊ လုံခြုံရေးချထားမည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များကို ကြိုတင်ပြင်ဆင်ရန် အကြံပြုခဲ့ကြကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဖြေဆိုရမည့် စာစစ်ဌာနများဖြစ်သည့် အထက- ဘုတ်ပြင်းနှင့် အထက-ပြည်ကြီးမဏ္ဍိုင်စာစစ်ဌာန (၂)ခုထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းသား၊ကျောင်းသူ ၃၂၇ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)