ပေါက်ခေါင်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၂)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ပေါက်ခေါင်း၊ အ.ထ.က အိုးဘိုကုန်း၊ စာစစ်ဌာန(၂)ခုတို့၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးစာစစ်ဌာနများ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ နယ်မြေ မီးသတ်စခန်း တာဝန်ခံများနှင့်တပ်ဖွဲ့ဝင်များက မိမိတို့နယ်မြေအတွင်းရှိ စာစစ် ဌာနများအား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)