သတင်းများ

ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ်နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတစ်လုံး တည်ဆောက်မှုလုပ်ငန်း (၆၀) ရာခိုင်နှုန်း ကျော်ပြီးစီး
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာတစ်လုံး တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ၁ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၆၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Mar 25,2022
နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပုရွက်ဆိတ်ကုန်း ကျေးရွာရှိ ရွာဉီးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ဖက်ပိတ်ဆည်မှ ရေမီတာစနစ်ဖြင့် ရေပေးရေးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 25,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက် ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် တစ်ဖက်ပိတ်ဆည်မှ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးရေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ မီနစ်၃၀ အချိန်က ထိန်တွေကျေးရွာမုခ်ဦးရှေ့တွင် ကျင်းပကြရာ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူခရိုင်၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ယူ
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးအန္တရာယ်ကာကွယ်​ရေး ကွင်းဆင်းစစ်ဆေး
Mar 25,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ် ၃၁ ရက်​​နေ့တွင် တက္ကသိုလ်ဝင်တန်း​​ဖြေဆိုမည့် ​​ရေးမြို့နယ် အတွင်းရှိ စာစစ်ဌာန​ကျောင်းများအား မြို့နယ်မီးသတ်ဦးစီးဌာန၊ လျှပ်စစ်၊ စည်ပင်သာယာ​ရေးနှင့် ပညာ​ရေးဌာနတို့ ပူး​ပေါင်း၍ ယ​နေ့နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကာကွယ်​ရေးကွင်းဆင်းစစ်ဆေး ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
မအီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၂ခုနှစ် ၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကား ရာမြို့ပေါ်ရပ်ကွက်နေရာများ၊ ဈေးသည်ဈေးဝယ်များသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ လုပ်ငန်း လမ်းညွှန်မှုခံယူခြင်း အခမ်းအနား ကျင်းပ
Mar 25,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးမြို့ အမှတ် (၁)အခြေခံပညာ အတက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တာဝန်ပေးအပ်ခြင်း ခံရသော ဆရာကြီး၊ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။