သတင်းများ

မအူပင်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်အား (အခမဲ့)ဖြန့်ဝေခဲ့ သည်။
ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက်(၈)နာရီ (၃၀)မိနစ်အချိန်က ရေလဲချောင်းဖျား ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ် ၌  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ  ကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်
Mar 27,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ
Mar 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရ သည်။
တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 27,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 
အိမ်မဲ​မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 27,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ရွေညီလာခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မကျဉ်းကုန်းကျေးရွာ၌ ငွေတောင်ဆည်မှ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာ ရောက် ရေပေးရေးဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မကျဉ်းကုန်းကျေးရွာ၌ ငွေတောင်ဆည်မှ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။