မြင်းခြံ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးခန်းမတွင် မြင်းခြံမူလတန်းကြိုကျောင်းများ၏ ကျောင်းဆက်လက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်ကအဖွင့် အမှာ စကား ပြောကြားခဲ့ပြီး ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မူလတန်းကျောင်းသား/ ကျောင်းသူများအား ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းတို့က ကျောင်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် မူလူတန်းကြို ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေ ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)