ကျိုင်းတောင်း မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် ကျောင်းတွင်းဖြေဆိုမည့်သူ စုစုပေါင်း (၅၈)ဦးရှိရာ အတွဲ(၁)တွင် ကျား (၁၅)ဦး၊ မ (၁၅)ဦး၊ ပေါင်း (၃၀)ဦး၊ အတွဲ (၂)တွင် ကျား (၁၅)ဦး၊ မ (၆)ဦး၊ ပေါင်း (၂၁)ဦး၊ အတွဲ (၇)တွင် မ (၇)ဦး တို့ဖြစ်ကြပြီး ပြင်ပဖြေဆိုမည့်သူ စုစုပေါင်း (၅၇)ဦးရှိရာ အတွဲ(၁)တွင် ကျား (၁၅)ဦး၊ မ (၂၆)ဦး၊ ပေါင်း (၄၁)ဦး၊ အတွဲ(၂)တွင် ကျား (၃)ဦး၊ မ (၈)ဦး၊ ပေါင်း (၁၁)ဦး၊ အတွဲ (၇)တွင် မ (၄)ဦး၊ အတွဲ(၈)တွင် မ (၁)ဦး တို့ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းဖြေဆိုမည့်သူ (၅၈) ဦးနှင့် ပြင်ပဖြေဆိုမည့်သူ (၅၇)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၁၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း အခြေခံပညာ အထက်တန်း ကျောင်းမှ တာဝန်ရှိသူများထံမှ သိရသည်။
သီဟ(ပြန်/ဆက်)