ဘုရားသုံးဆူမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဘုရားသုံးဆူ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများ၊လူစည်း ကားရာနေရာများနှင့် ရပ်ကွက်များရှိ ပြည်သူများထံသို့ အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်၌ ၁၉၄၇ ခုနှစ် ဇွန်လဆန်း ၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်နှင့် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြား ခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ် ချက်များ၊ စာရေးဆရာစိုးမိုး(ပုသိမ်)ရေး သားထားသည့်“နွေအလှ” စာဖွဲ့ က‌ဗျာ၊  “ကာကွယ် စောင့်ရှောက်သွားမည်သာ” ခေါင်းစဉ်ဖြင့် ဆောင်ပါး၊ စသည်များအား ပါဝင်ဂုဏ်ပြု ရေးသားထုတ်ဝေထားကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)