ဟားခါး မတ် ၁၉
ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံနှင့်လူမျိုးချစ်မြတ်နိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေး ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးအမ်းအင်းလမ်းက “လူငယ်များ၏ အကျင့်စာရိတ္တနှင့် မျိုးချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးထလာချုမ်းက “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ချင်းပြည်နယ်ပညာရေးမှူး ဦးပီဘီကူနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)