ရွှေသောင်ယံ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၇)နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွှေသောင်ယံမြို့ ယာယီဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအားလည်းကောင်း၊ လမ်းသွားလမ်းလာများအားလည်းကောင်း ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် တပ်မတော်ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အစဉ်အလာကောင်း(၁၂)ရပ်၊ ကဗျာ၊ ဆောင်းပါးစသည်ဖြင့် ဖော်ပြထားကြောင်း တွေ့ရသည်။
ကိုကိုမောင်