မော်လမြိုင်မြို့တွင်သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် မတ်၂၄    

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။  

ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က Talk Show  ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နိုင်ဦးက တစ်ခါသုံးဝါးတူများကြောင့် လူနှင့်သဘာ၀ပတ်၀န်းကျင်အပေါ် သက်ရောက်မှုများအကြောင်း သိကောင်းစရာများကို ဆွေးနွေးရာတွင် တစ်ခါသုံးဝါးတူများ အသုံးပြုမှု တွင်ကျယ်စွာအသုံးပြုနေမှု၊ ဝါးအမျိုးအစား၊ ဝါးတူပြုလုပ်ပုံအဆင့်ဆင့်၊ ဝါးတူသုံးစွဲခြင်းကြောင့် လူသားများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများ၊ ပတ်၀န်းကျင်အ‌ပေါ် သက်ရောက်မှု၊ ဝါးပင်၏အကျိုးကျေးဇူး၊ တစ်ခါသုံးဝါးတူများ အစားထိုးအသုံးပြုမှုစသည့် အကြောင်းအရာများကို ရမော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် Online မှတစ်ဆင့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်