သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

သီ‌ပေါ မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်း မှန်ကန်ရေး၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်း လိုင်စင်ရယူ၍  ဆောင်ရွက်ခြင်းရှိ၊မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေး၊ တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍  ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊  မီးသတ်ဦးစီးဌာန၊ မြန်မာ့ရေနံထွက်ကုန်ရောင်းဝယ်ရေးဌာန နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သီပေါမြို့အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီ(92-RON)(1 Liter)လျှင် (၂၁၄၀) ကျပ်နှုန်း ၊ဓာတ်ဆီ (95)(1 Liter)လျှင်(၂၂၆၀)ကျပ်နှုန်း၊  ဒီဇယ်ဆီ(1 Liter)လျှင်(၂၂၅၅)ကျပ်နှုန်းနှင့် ပရီမီယမ် ဒီဇယ်ဆီ(1 Liter)လျှင်(၂၂၈၅)ကျပ်နှုန်း  တို့ဖြင့်ရောင်းချပေးလျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှသိရသည်။        

ခင်လေး