မိုင်းရှူးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်

မိုင်းရှူး    မတ်   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန က ထောက်ပံ့သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်()နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေကို ယနေ့မှစ၍ ရပ် ကွက်/ ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မိုင်းရှူးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင် (၉၈၀)ဦးနှင့် ၎င်း တို့မှမွေးဖွားသည့်အသက် ()နှစ်အောက် ကလေးငယ် (၄၄၄)ဦး၊ စုစုပေါင်း (၁၄၂၄)ဦးတို့အတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှတဆင့် လက်ဝယ်အရောက် ထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများသည် ၂၀၂၁ ခုနှစ်၊ ပထမ()လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင် ကျပ်ငွေ - ၄၅၀၀၀/-(တစ်လ၁၅၀၀၀/- နှုန်းဖြင့် သုံးလစာ) ကို မတ်လ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)