ပိုင်ကျုံ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က လျှပ်စစ်မီးချွေတာသုံးစွဲရေးအသိပညာပေး (Talk. Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူးဦးသီဟက လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲမှုအခြေအနေများ၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်မှု အခြေအနေများနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေးနှင့်ပတ်သက်သော ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟု သုတရရှိစေမည့် အစီအစဉ်များဖြစ်သည့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာကြည့်တိုက်ဆိုင်ရာလှုပ်ရှားမှု၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များအပြင် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကိုလည်း Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)