ဝမ်းတွင်း မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့်ဒေသခံ ပြည်သူ (၁၃၅၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ယာရောက်ထိုးနှံပေး ခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာ များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အိမ်တိုင်ယာရောက်ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးရာတွင်မြို့ပေါ် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများ ရေးသွင်းခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယနေ့နံနက်တွင် ပြည်သူ(၁၃၅၃)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းများကို သက်ဆိုင်ရာ စုရပ်များအပြင် မိုဘိုင်းစနစ်ဖြင့် ပါထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)