ခမောက်ကြီး မတ်လ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ၊ ဆိုင်ကယ်တက္ကစီဂိတ်၊ စည်ပင်သာယာစျေးရှိ ဈေးသူဈေးသားများ၊ ကုန်စုံဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် အများပြည်သူတို့ တပ်မတော်နေ့ဆိုင်ရာ ဗဟုသုတရရှိစေရန်အတွက် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ "တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ" မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏" ပါဝင်ကူညီ "မိန့်ခွန်းကောက်နုတ်ချက်၊ "ကာကွယ်စာင့်ရှောက်ရမည်သာ" ဆောင်းပါး၊ နွေအလှ(ကဗျာ)၊ တပ်မတော်နေ့ဆိုင်ရာ ဆောင်ပုဒ်များစသည်တို့ပါဝင်ပြီး ခမောက်ကြီးမြို့နေပြည်သူများသို့ လက်ကမ်းစာစောင် (၂၀၀)စောင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး )