ဖားကန့် မတ် ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွက် အခြေခံပညာအလယ်တန်း(Grade -9) စာမေးပွဲဖြေဆိုသူ ၈၃ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် အခြေခံပညာအလယ်တန်း(Grade-9) နှစ်ဆုံးစာမေးပွဲတွင် စာဖြေသူကျောင်းသား / ကျောင်းသူ စုစုပေါင်း (၁၄၈)ဦးရှိပြီး စာစစ်ဌာန(၉)ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Grade -9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး စာဖြေမှု ရာခိုင်းနှုန်း ၈၃.၁၆ ရာခိုင်နှုန်းထိရှိကြောင်း မြို့နယ်ပညာရေးမှူးရုံမှ သိရသည်။
မြို့နယ် ပြန်/ဆက်