စစ်ကိုင်း ဧပြီ ၁၇
စစ်ကိုင်းမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက ဧရာ မြစ်ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ မြန်မာ့နှစ်သစ်ကူး နှစ်သစ်အချိန်အခါဟာ မင်္ဂလာရှိ၍ သန့်ရှင်းသစ်လွင်ပြီး ငြိမ်းချမ်းသာယာမှုအပေါင်းနဲ့ လွမ်းခြုံတဲ့ အခါသမယလည်း ဖြစ်ပါတယ်၊ ကြည်လင်အေးမြသော သင်္ကြန်ရေနှင့် အတူ နှစ်ဟောင်းမှ ပင်ပမ်းနွမ်းနယ်မှုများကို ဖြေဖျောက်လန်းဆန်းစေပါတယ်၊ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် ကောင်းခြင်းအဖြာဖြာနဲ့ ကောင်းခြင်းမင်္ဂလာများ ဝေဆာပြည့်စုံကြ ပါစေလို့ နှစ်သစ်မှာ အားသစ်အင်သစ်ဖြင့် မိသားစုတာဝန်၊ နိုင်ငံ့တာဝန်များ ပိုမိုတိုးတက် အောင်မြင်အောင် စုစည်းတည်ဆောက်သွားကြပါလို့ စသည်ဖြင့် ပြောကြားခဲ့ပြီး ယိမ်းအကအဖွဲ့ များအား ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ယိမ်းအကအဖွဲ့များနှင့် ဂီတအနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေပေးကြရာ သင်္ကြန်ချစ်သူ ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေးကစာလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်