ခမောက်ကြီးမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူ

ခမောက်ကြီး ဧပြီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ခမောက်ကြီးမြို့တွင်  မဟာသင်္ကြန်အတက်နေ့ ညနေပိုင်း၌ ခမောက်ကြီးမြို့ မြို့သူ၊ မြို့သားများက သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းများ လောင်းလှူကြရာတွင် ခမောက်ကြီးမြို့ ရတနာသိင်္ဃကျောင်းတိုက်မှ ကျောင်းနေသံဃာများနှင့် ဒုလ္လဘသံဃာတော်များနှင့် ရှင်သာမဏေများက ခမောက်ကြီးမြို့အတွင်း ဆွမ်းဆန်စိမ်းများ လှည့်လည်အလှူခံ၊ ပူဇော်ခံ ကြွရောက်ခဲ့ကြရာ မြို့နေပြည်သူများက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆွမ်းဆန်များနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)