ကဝမြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ကဝ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၅)ရပ်ကွက် ရုံးကျောင်း၊ ကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများက နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် စက်ကျောင်း၊ ကျောင်းတိုက်ပဓာန နာယကဆရာတော် ဦးဇောတိကထံမှ ကထိန်အနုမောဒနာတရားတော်နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အသီးသီးမှ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ် (၇၃)ပါးတို့အား စာရေးတံမဲများ ဖောက်၍ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)