ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ်(၃၅)လမ်းထိပ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟောင်းရှေ့ ဆေးထိုးစုရပ်တွင် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကွင်းဆင်း၍ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ထိုးနှံပေးရာ Covidshield First Dose ထိုးနှံသူ (၄၀ )ဦး၊ Covidshield Second Dose ထိုးနှံသူ (၁၈)ဦး၊ Covidshield Booster Dose ထိုးနှံသူ(၁၅၄)ဦး စုစုပေါင်း (၂၁၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။