ရွှေတောင် နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ( ၂ / ၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ဒေသခံအမျိုးသမီးများ အိမ်တွင်းမှုဆိုင်ရာ အတတ်ပညာများ အခမဲ့ သင်ကြားခွင့်ရရှိပြီး တစ်ပိုင်တစ်နိုင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထန်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်လှစ်ပေးမှုအပေါ် ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
သင်တန်းကို (၂ - ၁၁ - ၂၀၂၂) မှ (၃၀ -၁၁ - ၂၀၂၂) ထိသင်တန်းပို့ချ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ( ၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)