မိုင်းပန် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် သဘာပတိ ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလွမ်းနိုင်က ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂ ခုနှစ် (၆)လပတ် ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ သဘာပတိမှ အသင်းသားများ၏ ဆန္ဒသဘောထားများရယူ၍ အတည်ပြုခဲ့ကြောင်း ကြေငြာခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ဦးစီးအရာရှိ က အသင်းအမှုဆောင်အသစ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အသင်းသားမျာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ် သက်တမ်းတာဝန်ထမ်းဆောင်မည့် အသင်းအမှုဆောင်အဖွဲ့သစ်နှင့် အသင်းသားစာရင်းကို အဆိုပြုတင်သွင်းခဲ့ရာ တာဝန်ထမ်းဆောင်မည့် အသင်းအမှုဆောင်အဖွဲ့သစ် (၇) ဦးနှင့် အသင်းသား စာရင်းစစ်(၂)ဦးတို့ ၏ ဆန္ဒသဘောထားရယူ၍ တာဝန်ခွဲဝေခြင်းနှင့် အတည်ပြုကြောင်းကြေငြာခဲ့သည်။
အဆိုပါ တာဝန်ထမ်းဆောင်မည့် အသင်းအမှုဆောင်အဖွဲ့အသစ်များမှ ဂတိသစ္စာခံယူစေရာ အသင်းအမှုဆောင်အဖွဲ့သစ်အသင်း ဥက္ကဋ္ဌမှ နှုတ်ဆက်စကားပြောကြားခြင်းနှင့် သဘာပတိမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ် အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးများနှင့် လက်ဆောင်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အသင်းသားများ၏ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)